1,826,127open jobs
106,463companies
259,733added this week
Browse all
Location
In office
Employment
Full-Time

Confirmed on the employer's own hiring board on Oct 20, 2026. First seen by Alion on Apr 3, 2026.

Overview
Company
Impact
Profile match
Based in Yangon, Myanmar, Proximity Designs creates affordable, income-boosting products and services that complement the entrepreneurial spirit of rural farmers.

ရေတံခွန်အဖွဲ့မှ တောင်သူများထံသို့ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်အတွက် အဖွဲ့အစည်းမှ ချမှတ်ထားသော နည်းဗျူဟာများနှင့်အညီ ရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်နိုင်ရန် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ ဓနုဖြူမြို့နယ်၊ အိမ်မဲမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ လယ်ဝေးမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များတွင် လစ်လပ်လျှက်ရှိသော အရောင်းဝန်ထမ်းရာထူး (၃၀) နေရာများအား ခန့်ထားရန် ရှိပါသည်။

လုပ်ငန်းတာဝန်များ

  • သတ်မှတ်ထားသောအရောင်းနယ်မြေတွင်အရောင်းရည်မှန်းချက်များပြည့်မီအောင်ဆောင်ရွက်ရန်။
  • ရေတံခွန်ထုတ်ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများအားတောင်သူများထံသို့အချိန်နှင့်တပြေးညီဝန်ဆောင်မှု အပြည့်အဝပေးရန်။
  • အရောင်းငွေကြေးပိုင်းဆိုင်ရာနှင့်စာရင်းပိုင်းဆိုင်ရာများကိုမှန်မှန်ကန်ကန်အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်။
  • အလားအလာရှိသောတောင်သူများနှင့်တွေ့ဆုံ၍၎င်းတို့၏လိုအပ်ချက်များကိုရှာဖွေကူညီပြီး

    ပိုမိုကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ရန်။

  • ရုံးအတွင်းရှိCrop Advisory များနှင့်ပူးပေါင်းဆောင်ရွက်၍တောင်သူများအားဝန်ဆောင်မှုပေးရန်။
  • တောင်သူများနှင့်တွေ့ဆုံပြီးရရှိလာသောအခြေအနေများကိုသက်ဆိုင်ရာမန်နေဂျာထံအချိန်မီသတင်းပို့ရန်နှင့် စာရင်းပြုစုရန်။
  • ရုံးတွင်း၊ပြင်ပစိုက်ပျိုးရေးနှင့်ပတ်သက်သောအဖွဲ့အစည်းများနှင့်စဉ်ဆက်မပြတ်ဆက်သွယ်ဆောင်ရွက်၍ သက်ဆိုင်ရာ မန်နေဂျာအား သတင်းပို့ရန်။
  • အရောင်းမန်နေဂျာနှင့်ရုံးခွဲမန်နေဂျာတို့အားလုပ်ငန်းနှင့်ပတ်သက်သည်များကိုကူညီဆောင်ရွက်ပေးရန်။

လိုအပ်သောအရည်အချင်းများ

  • တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိပြီးသူ။
  • စိုက်ပျိုးရေး (သို့မဟုတ်) အရောင်းပိုင်းအား စိတ်အားထက်သန်သူ။
  • တောင်သူများနှင့်လျင်မြန်စွာဆက်ဆံရေးတည်ဆောက်နိင်သူ။
  • ချမှတ်ထားသောရည်မှန်းချက်များအား ပြည့်မှီအောင်ဆောင်ရွက်နိင်သူ။
  • ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ခြင်းနှင့်ဈေးကွက်ရှာဖွေနိုင်ခြင်းစွမ်းရည်ရှိသူ။
  • Digital literacy အားကောင်းသူ။
  • မော်တော်ဆိုင်ကယ် ကျွမ်းကျင်စွာ မောင်းနှင်နိုင်ပြီး ယာဉ်မောင်းလိုင်စင်ရှိသူ။
  • အဖွဲ့အစည်း၏လိုအပ်ချက်အရတာဝန်ချရာနေရာအားပြောင်းရွှေ့နိုင်သူ။

သင်ရရှိနိင်မည့်အခွင့်အလမ်းများ

သင့်အနေဖြင့်မြင့်မားသောလစာခံစားခွင့်ရရှိရုံသာမကကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့်သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့်အခြားအခွင့်အလမ်းများလည်းရရှိမည်ဖြစ်သည်။ထို့အပြင်လူမှုအကျိုးထိရောက်စွာစွမ်းဆောင်နိုင်မှုအပေါ်အခြေခံသည့်Monthly Sales Commissionလည်းရရှိမည်သာမကရှေ့သို့ဦးတည်စဉ်းစားတွေးခေါ်သူများနှင့်ကောင်းမွန်သောလုပ်ငန်းခွင်မှာအလုပ်လုပ်ရမည်ဖြစ်ပြီးProximity School မှတစ်ဆင့်ကမ္ဘာ့အဆင့်မီပညာရပ်များကိုလေ့လာသင်ကြားခွင့်လည်းရရှိပါမည်။သင့်အနေဖြင့်သင့်တာဝန်ဝတ္တရားများကိုလုပ်ဆောင်လျက်ပင်မြန်မာနိုင်ငံရှိအခြေခံလူတန်းစားများအတွက်ပိုမိုကောင်းမွန်သည့်လူမှုဘဝပုံစံကိုပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့်အခွင့်အလမ်းလည်းရရှိမည်ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှုနှင့် တန်းတူညီမျှ မရှိမှုများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကိုပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီးသဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။

လွန်ခဲ့သည့် (၂၀) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့်အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကိုဤတွင်နှိပ်၍ လျှောက်ထားနိုင်ပါတယ်။

Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

Free account
Stop reading job ads. Get the ones that fit.
One free account turns this page into a shortlist built around your stack, your level and your pay.
Match on every job. Stack, seniority, pay and location, scored against your profile.
1,826,127 open roles. Read straight off company career pages, refreshed every day.
Unlimited applications. Every one you send is tracked in one place, on-site or on a company board.
3 tailored CVs a month. Rewritten for the exact job you are applying to. Included free.
Create a free account Continue with Google
Free forever. No card. Under a minute.

Recommended for you based on this role

Sales
Similar stack
Same company
In your city
≈ $8k – $19k per year (Estimated) • In office • 2+ years exp • Durban
Management
Microsoft Office
Apply
In office • Full-Time • Bachelor's Degree • Kalamazoo
Management
Gmail
Outlook
Marketing
LinkedIn
Apply
$102k – $144k per year • Remote (United States) • Full-Time • Bachelor's Degree • New York • Chicago
Apply
Equity • Hybrid • 5+ years exp • Buenos Aires
SQL
Management
n8n
Zapier
Marketing
HubSpot
LinkedIn
Apply
$212k – $345k per year • Equity • Remote (United States) • Full-Time • 6+ years exp • United States
Apply
See all jobs
This is one of many
1,826,127 more open roles from verified company boards, updated every day.